iPhone တွေမှာ Jailbreak လုပ်ထားမှသာ စိတ်ကြိုက် Crack App တွေ/ Myanmar Font တွေသွင်းလို့ ရသလို Android တွေမှာလဲ Myanmar Font တို့ ဘာတို့ သွင်းချင်ရင် root လုပ်ပေးရပါတယ်။ Android Phone တွေအတွက် ဖုန်းအမျိုးအစားပေါ်မူတည်ပြီး root လုပ်နည်းအမျိုးမျိုးရှိပါတယ်။ ကျွန်တော်အခုတင်ပြမယ့် root လုပ်နည်းက z4root ကိုသုံးပြီး root လုပ်တဲ့နည်းလေးပါ။ Android Version 2.3.3 တွေကိုတော့ z4root နဲ့လုပ်လို့မရပါဘူး။ z4root ကဖုန်းတိုင်းနဲ့လဲ မကိုက်ညီပါဘူး။ z4root နဲ့ root လုပ်လို့ရမယ့် ဖုန်းအမျိုးအစားတွေကိုအောက်မှာဖော်ပြပေးလိုက်ပါမယ်။
Samsung Galaxy S (All variants)
Backflip
Sony Xperia X10
Sony Xperia Mini
Drod 2
Galaxy Tab
Galaxy I5700
Galaxy 3 I5800
Droid X
Samsung Acclaim
Cricket Huawei Ascend
Motorola Cliq
Huawei 8120
Hero
Optimus T
Droid 1 (z4root 1.2.1)
Garmin Asus A50
Motorola Defy
LG Ally
အဲဒီဖုန်းအမျိုးအစားတွေကိုပဲ z4root နဲ့ root လုပ်လို့ ရပါတယ်။
1. z4root App လေးကို အရင် download ဆွဲလိုက်ပါ။
2. မိမိဖုန်းထဲမှာ z4root ကို install လုပ်ပါမယ်... မိမိ Android ဖုန်း၏ Menu တွင် File Manager ကို ရှာပါ။ ဝင်ပါ။ အဲဒီမှာ ခုနက ကူးထည့်ထားတဲ့ Z4root.apk မှာ တစ်ချက်နှိပ်ပါ။ Install လုပ်ပါ။ Install လုပ်ပြီးနောက် Application အား တန်းသုံးလိုပါက Open လုပ်နိုင်သလို Done မှာ နှိပ်ပါက Application ထည့်သွင်းမှု ပြီးဆုံးသွားပါမည်။
3. ဖုန်းထဲမှာ z4root ကိုဖွင့်လိုက်ပါ...
No comments:
Post a Comment