Monday, July 21, 2014
ဖေ့ဘုတ်မှာသင့်ချစ်သူအွန်လိုင်းတက်လာရင် သင့်ထံ အသံလေးနဲ့အသိပေးလာစေဖို့
.ချစ်သူမှမဟုတ်ပါဘူး သူငယ်ချင်းတွေဘယ်သူပဲဖြစ်ဖြစ် သင့်friend list ထဲက သူတွေ ဖေ့ဘုတ်ပေါ်တက်လာပြီဆို သင့်က ဖုန်းဘေးချလို့တခြားမှာအာရုံရောက်နေရင် အသံလေးမြည်ပြီး အသိပေးစေတဲ့ ဆော့ဝဲလေးရယူဖို့ဖြစ်ပါတယ်
အသုံးပြုနည်းနဲ့ လိုတဲ့ဆော့ဝဲလေးကို တင်ပေးလိုက်ပါတယ်ခင်ညာ။
ဒေါင်းလုပ်ဆွဲပြီး apk လေးကိုတင်လိုက်ပါ။ပြီးရင် ဖွင့်လိုက်ပါက အပေါ်ကလို့တွေ့ရပါမယ်။ Add friend to tracking list ကိုနှိပ်ပေးလိုက်ပါ။
သင့် င်္ဖေ့ဘုတ်က friend တွေပေါ်လာပါမယ်..အဲထဲမှာမှ ကိုယ့်ချစ်သူဆိုလည်းချစ်သူပေါ့ ... အွန်လိုင်းတက်လာရင်သတိပေးစေချင်တဲ့သူတွေရဲ့ ဘေးက ကြယ်လေးမှာ နှိပ်ပြီး ရွေးချယ်ပေးပါ။ အောက်ကပုံလိုပေါ့နော
အဲဒါလေးပါပဲ...ရွေးချယ်ပြီးရင် Done ကိုနှိပ်ပေးလိုက်ပါ။ တစ်ယောက်ချင်းဆီအတွက် Alert Tone တစ်မျိုးစီပေးထားချင်ယင်လည်း  ပေးထားချင်တဲ့ friend ပေါ်ကို ဖိထားလိုက်ပြီး set personalised Ringtone ကနေတစ်ဆင့် သီချင်းတီးလုံးလေးတွေ ရွေးထားပေးလိုက်ပါ။ ပြီးရင်တော့အောက်က မျှားနဲ့ပြထားတဲ့ button လေးကိုနှိပ်ပြီး Background ကနေ Run ခိုင်းထားလိုက်ပါ။
ဒါဆိုရင် သင့်ထည့်ထားတဲ့သူတွေ ဖေ့ဘုတ်ပေါ်တက်လာတာနဲ့ သင့်ကို တီးလုံးလေးနဲ့ အချက်ပေးပါလိမ့်မယ်နော်။။။အိုကေ
       DOWNLOAD LINK 
Ref. http://www.tootoo.co.vu/?m=1
             #Ar Kar
Sunday, July 20, 2014
ယနေ့ အွန်လိုင်းနည်းပညာ ခေတ်ကို ဖြစ်ပေါ်လာစေတဲ့ တီထွင်မှု တစ်ခ
ုယနေ့ကျွန်တော်တို့ ယခုလို အွန်လိုင်း အင်တာနက်ကို အသုံးပြုနိင်ဖို့ ယခင်က တီထွင်မှုတွေ များစွာ ပြုလုပ်ခဲ့ရပါတယ်။ မိတ်ဆွေ သူငယ်ချင်းတို့ကို အသိတစ်ခုပေးနိင်စေဖို့ မျှော်လင့်လို့ အင်တာနက် ကို ဘယ်သူတွေ တီထွင်ခဲ့ သလဲဆိုတာ ဗဟုသုတ တစ်ခုအနေနဲ့ တင်ပြ ရေးသားလိုက်ရပါတယ်။
တကယ်တော့ ကျွန်တော်တို့ သိပြီး အသုံးပြုနေတဲ့ အင်တာနက်ကို လူတစ်ဦးတစ်ယောက်ချင်းဆီက ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ Net (သို့) Web လို့လည်း ခေါ်တဲ့ အင်တာနက်ကို IPTO လို အတိုကောက်ခေါ်တဲ့ Information Processing Technology Office က စလျှင်စချင်း ဖွံဖြိုးစေခဲ့တာ ဖြစ်ပြီး အဲဒီ IPTO ဆိုတာကတော့ ၁၉၆၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Defense Advanced Research Projects Agency (DARPA) ရဲ့ အေဂျင်တစ်ခု ဖြစ်ပါတယ်။
အဲဒီလို တည်ထောင်ခဲ့ပြီး မကြာမီမှာတော့ ဒီလို အင်တာနက်ကို ဖွံဖြိုးစေခဲ့တဲ့ အတွက် ဒီ ဦးဆောင်မှုမှာ တာဝန်ယူခဲ့တဲ့ JCR Licklider ဆိုသူဟာ ပထမဦးဆုံး ဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့တွေမှာတော့ IPTO ဟာ သူတို့ရဲ့လက်ရှိစနစ်တွေရဲ့ ရှေ့ဆက်မဲ့ လုပ်ငန်းတွေ အတွက် အသစ်အသစ်စေသော ကွန်ပျူနဲ့ ဆိုင် သော မျိုးဆက်များနဲ့ စနစ်များကို ဖန်တီးလျက်ရှိပါတယ်။
အိုင်ဒီယာ
တီထွင်ဖို့ စစဦးဆုံး အကြံဥာဏ်ပြုသူကတော့ Leonard Kleinrock’s လို့ အမည်ရှိသူ ဖြစ်ပြီး မေလ ၃၁၊ ၁၉၆၁ မှာ “Information Flow in Large Communication Nets” လို့ အမည် ရှိတဲ့ စာအုပ် ထွက်ရှိပြီး မကြာမီမှာ အကြံဥာဏ် ရခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၆၂ မှာ IPTO ရဲ့ ပထမဆုံး ဒါရိုက်တာ ဖြစ်လာခဲ့တဲ့ J.C.R. Licklider ကို သူရဲ့ နက်ဝပ် အမြင်ကို ပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဆီက အကြံဥာဏ်တွေကို ပေါင်းစပ်မူ ရဲ့ နောက်ထပ် ဒီ အကြံဥာဏ်ကို ဖန်တီးဖို့ ကူညီပေးတဲ့ Robert Taylor လို့ခေါ်တဲ့ အမေရိကန် တက္ကဆပ်ပြည်နယ်သားတစ်ဦးနဲ့ စပြီး ဖန်တီးခဲ့ကြပါတယ်။
စတင်ဖန်တီးခြင်း
ယနေ့တွေမှာ ကျွန်တော်တို့ သိတဲ့ အတိုင်း အင်တာနက်ဟာ ၁၉၆၀ခုနှစ် နှောင်းပိုင်းလောက်မှာ ပထမဦးဆုံး စတင် ဖွံဖြိုးလာခဲ့တာ ဖြစ်ပါတယ်။ ယခုလို ကျတော်တို့ အသုံးပြုလို့ နိင်လာအောင်ကြားထဲမှာ ဆိုင်ရာ ဆိုင်ရာ အဖွဲ့အစည်းတွေဟာ မီတင်တွေ တွေဆုံခြင်းတွေကို များစွာ လုပ်ဆောင်ခဲ့ရပါတယ်။ ၁၉၆၈ နွေ….
၁၉၆၈ ဒီဇင်ဘာ …. …………………………………………………………
အချင်းချင်း ဆက်သွယ်ဖို့ လိုအပ်တဲ့ Interface Message Processor (IMP) ကို ၁၉၆၈ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ နောက်ဆုံး ဗားရှင်း ထုတ်နိင်ခဲ့ပါတယ်။ ဒါကတော့ အင်တာနက်ဆိုတဲ့ အရာ မပေါ်ပေါက်ခင်က ရုပ်လုံးထုဆစ်မှု တစ်ခုပေါ့။
ဖော်ပြပါပုံထဲက ပုဂ္ဂိုလ်ဟာ ယခုလို အင်တာနက်ကို ဖြစ်ပေါ်လာစေဖို့ အစဦးဆုံး အကြံဥာဏ်ပေးခဲ့သူ Leonard Kleinrock ဆိုသူ ဖြစ်ပါတယ်။
Ref: Wiki
အောင်ဟိန်း (ရိုးရာလေး )
ဆော့ဝဲလမ်းညွန်
ဝဘ်ဆိုဒ် တီထွင်သူရဲ့ ၏ အ​ကြောင်း
ကျတော်တို့ အဆင်ပြေစွာ အသုံးပြုနေကြတဲ့ www ( World Wide Web) ကို တီထွင်ခဲ့သူကတော့ ဗြိတိန် ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Berners-Lee ( Sir Timothy John “Tim” Berners-Lee) ဖြစ်ပါတယ်။ ” TimBL ” လို့လည်း သိကြပါတယ်။
၁၉၅၅ ခုနှစ် ဖွား ဗြိတိန်နိင်ငံသား တစ်ဦးဖြစ်ပြီး World Wide Web Consortium ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ World Wide Web Foundation ရဲ့ စတင် တည်ထောင်သူ တစ်ဦးဖြစ်ပြီး အခြား ကွန်ပျူတာနဲ့ဆိုင်တဲ့ အဖွဲ့အစည်တွေမှာ ဒါရိုက်တာ၊ သုတေသန်ပညာရှင်အဖြစ် ယခု လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။ ယခု လက်ရှိ အသက် ၅၉ နှစ်ခန့်ရှိပြီး ဖြစ်တဲ့ Berners-Lee ဟာ ယခုလို ၀ဘ်ဆိုဒ် ကို စတင်ဖန်တီးခြင်း ဖြစ်လာဖို့ ၁၉၈၉ မတ်လ တွင် သတင်းအချက်အလက် စီမံမူအတွက် အဆိုပြုချက် တစ်ခုကို ဖန်တီးခဲ့ရပါတယ်။ နှစ်ရဲ့ နိုဝင်ဘာ လလယ်လောက်မှာတော့ အင်တာနက် ကနေတစ်ဆင့် အသုံးပြုသူတွေနဲ့ ဆာဗာ ကြားတွင် ဟိုင်ဘား မီဒီယာ သတင်း အချက်အလက် တွေကို ဖြန့်ချိနိင်တဲ့ application protocol တစ်ခုဖြစ်တဲ့ Hypertext Transfer Protocol (HTTP) တစ်ခုကို ပထမဦးဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိင်ခဲ့ပါတယ်။
Berners-Lee ဟာဆိုရင် 8 June 1955 တွင် လန်ဒန် အနောက်တောင်ဖက်ခြမ်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းလေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ မိဘတွေကလည်း ကွန်ပျူတာ တည်ဆောက်ခြင်း အပေါ်မှာပဲ အသက်မွေးသူတွေ ဖြစ်ပြီး သူကလည်း ပညာ အခြေခံတွေကို အဆင့်ဆင့် သင်ကြားကာ အီလက်ထရောနစ်နဲ့ဆိုင်တဲ့ အကြောင်းတွေကို ကလေးဘ၀မှာ စလေ့လာခဲ့ပါတယ်။ နောက်ပြီး အောက်စဖို့ တက္ကသိုလ်နဲ့ Queen တက္ကသိုလ်တို့မှာ လေ့လာခဲ့ပြီး ရူပဗေဒတွင် ပထမဆုံး ဘွဲ့ဒီဂရီကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီး မကြာမီမှာတော့ တယ်လီ ကွန်မြူနစ်ကေရှင် ကုမ္ပဏီ တစ်ခုတွင် အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ပြီး ပရင့်တာတွေမှာ စာရိုက်တဲ့ setting ဆော့ဝဲလ်တွေကို ကူညီ ဖန်တီးရတဲ့ အလုပ်ကို 1978 တွင် စလုပ်ကိုင်ခဲ့ပါတယ်။
ထိုနောက်မှတော့ ( ဆွီဇာလန် အခြေစိုက် ) နျူကလီးယား သုတေသနအတွက် ဥရောပီယံ ကောင်စီ တစ်ခုဖြစ်တဲ့ CERN တွင် အလွတ်တန်း ကန်ထရိုက်တာ အဖြစ်လုပ်ကိုင်ခဲ့ပြီး ထိုနေရာတွင် လုပ်ကိုင်နေစဉ် Hypertext ( ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် ကရိယာတွေပေါ်တွင် ရည်ညွှန်းလင့်နဲ့ အတူ စာသား ပြသသည့် ) ပေါ်မှာ အခြေတည်ထားတဲ့ ပရောဂျက်တစ်ခုကို ရည်ရွယ် လုပ်ကိုင်မိခဲ့ပါတယ်။ ထိုနောက်မှာတော့ ENQUIRE Prototype တစ်ခုကို သိသာထင်ရှားစေဖို့ စတင်တည်ဆောက်ခဲ့ပါတယ်။
CERN ကနေထွက်ခွာပြီး ၁၉၈၀ နောက်ပိုင်းမှာ အင်္ဂလန် မိခင်တိုင်းပြည်ရှိ ကွန်ပျူတာ စနစ် ကုမ္ပဏီ တွင် လုပ်ကိုင်ခဲ့ပြီး ထို ကုမ္ပဏီ ရဲ့ နည်းပညာရှင် ဘက်တွင် (၃) နှစ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ လုပ်ကိုင်တဲ့ နေရာမှာ သူကို ကွန်ပျူတာ နက်ဝပ် လုပ်ဆောင်ခြင်းနဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေပေးတဲ့ ပရောဂျက်တစ်ခုမှာ လုပ်ဆောင်ခဲ့ရခြင်း ရှိခဲ့ပါတယ်။ ထိုနောက်တွင် CERN ကို သူသည် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြန်သွားခဲ့ပြီး ထိုသို့ပြန်သွားပြီး မကြာမီ ၅ နှစ်တွင် ဥရောပတွင် CERN သည် အကြီးမားဆုံး အင်တာနက် ဆိုင်ရာ ကုမ္ပဏီ တစ်ခု ဖြစ်နေခဲ့ ပြီး ဖြစ်ပါတယ်။
ထိုအချိန်တွင် Berners-Lee သည် အင်တာနက် Hypertext နဲ့ ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုကို မြင်ခဲ့သည့် နည်းတူစွာ ၁၉၈၉ ၊ မတ်လတွင် ပထမဦးဆုံး အဆိုပြုလွှာကို မန်နေဂျာရဲ့ သဘောတူ လက်ခံမူဖြင့် သူသည် ရေးသားခဲ့ပြီး သူရဲ့ www. ၀ဘ် ပရောဂျက်ဟာ စတင် အကောင်အထည် ပေါ်လာခဲ့ပါတယ်။
သူရဲ့ တီထွင်မူ၊ ကြိုးစားမူတွေကြောင့် ကျတော်တို့ ယခုလို ၀ဘ် ဆိုဒ်တွေကို အသုံးပြုနေနိင်ကြတာ ဖြစ်လို့ သူကို ဂုဏ်ပြု ပေးလိုက်ကြပါဦးနော် ။
Ref: Wiki
Pattern Lock အား ဘယ်လိုဖြုတ်မလည်း……
ကျွန်တော်တို့ ဖုန်း Services သမားအများစုက Pattern Lock ဆိုရင်
၎င်း Pattern ကိုဖြုတ်ဖို့အတွက် ၄င်းဖုန်းအတွင်းမှာ Root Access ရှိ
ရမယ်။ USB Debugging ဖွင့်ထားရမယ်ဆိုတာတွေပဲများပါတယ်။ အခု
ကျွန်တော်ပြောမယ့်အကြောင်းရာလေးကတော့ Pattern Lock ဖြည်လို့
မရတဲ့ ဖုန်းကိုဘာ Root Access မှလည်းမလိုဘူး။ ဘာ Usb Debugging
ဖွင့်ထားစရာလည်းမလိုပဲလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်လေးဖြစ်ပါတယ်။
အရင်ဆုံးလိုအပ်တဲ့ဖိုင်လေးကိုတော့အောက်ဖော်ပြပါနေရာမှာဒေါင်းလိုက်
ပါ။
လိုအပ်သောဖိုင်နေရာများ ……..
1.cwm.zip ကိုဒီနေရာမှာဒေါင်းလုပ်ဆွဲပါ https://db.tt/nxnZWSOp
2.delete_passward.zip ကိုလည်း ဒီနေရာမှာဒေါင်းလုပ်ဆွဲပါ။
https://sourceforge.net/projects/and...atest/download
Download Link အားလုံးမှာ မည်သည့်ကြော်ငြာမှခံထားခြင်းမရှိပါ။
စတင်လုပ်ဆောင်ချက်…..
အရင်ဆုံး သင်ဒေါင်းလုပ်ဆွဲထားတဲ့ csm.zip နဲ့ delete_password.zip
နှစ်ဖိုင်ကို သင့် ဖုန်း Memory Card အတွင်းသို့ထည့်လိုက်ပါ။
ထို့နောက် သင့်ဖုန်းအား ပါဝါပြန်ဖွင့်ရမှာဖြစ်ပါတယ်။ ပါဝါဖွင့်တဲ့နေရာမှာ
နှိပ်ရမယ့်ခလုပ်တွေက Volume Up+ Power+ Home Button တို့ကို
တစ်ပြိုင်တည်းနှိပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုပြောချင်တာက
Volume Up နေရာမှာ Down ကိုနှိပ်လိုက်တာနဲ့ Downloading
Mode ထဲကိုဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့် မှားမနှိပ်မိဖို့ သတိပြုပါ။
ကဲဆက်လိုက်ရအောင်လားဗျာ… ဒီနောက် သင့်ဖုန်းအတွင်းမှာပေါ်လာမယ့်
Screen Message တွေကတော့
-reboot system now
-apply update from sdcard
-wipe data/factory reset
-wipe cache partition
စသဖြင့် Recovery Mode အတွင်းတွင်ရွေးချယ်စရာလေးမျိုးကိုတွေ့ရမှာ
ဖြစ်ပါတယ်။ ဒီနောက်တော့ကျွန်တောတို့က  ဒုတိယ ရွေးချယ်စရာဖြစ်သော
“apply update from sdcard” ဆိုတာအပေါ်အောက် အသံအတိုးအကျယ်
လုပ်တဲ့ လခုတ်နဲ့ သွားပီး ရွေးချယ်မယ်ဆိုပါက Home Button ကို နှိပ်ပေးလိုက်
ရပါမယ်။ဒီနောက်တော့စောနက သင်ထည့်ထားသော zip File နှစ်မျိုးထဲမှ ပထမတစ်
ခုအနေနဲ့ cwm.zip ကိုရွေးချယ်ပေးလိုက်ပါမယ်။ ဒီအခါမှာ အ၀ါရောင်အဖြစ်မြင်ရမှာ
ဖြစ်ပါတယ်။ ထို့နောက် “install zip from sd card” ဆိုတာကိုရွေးချယ်ပေးရမှာဖြစ်
ပါတယ်။ထို့နောက်တဆက်တည်းမှာပဲ “choose zip from sd card” ဆိုတာကိုရွေး
ချယ်ပေးပီး “delete_password.zip” ကိုရွေးချယ်ပေးရဦးမှာဖြစ်ပါတယ် ပီးရင်တော့
Yes ကိုနှိပ်ပေးလိုက်ပါ။ထို့နောက်တော့ System ကို သူ့အလိုအလျောက်လုပ်
ဆောင်သွားပီး Reboot ကျသွားပါလိမ့်မယ်။ System Reboot ကျသွားပီးသွားပီ
ဆိုရင်တော့ ပြန်တက်လာတဲ့အခါမှာ Pattern Lock ပြုတ်သွားပီး System Setting
ထဲမှာ Default အတိုင်း Without Security ဖြစ်နေတာကိုပျော်ရွှင်စွာတွေ့မြင်ရမှာ
ဖြစ်ပါတယ်။အားလုံးပဲ အဆင်ပြေမယ်လို့ယုံကြည်မျှော်လင့်ပါတယ်။
စမ်းသပ်ခဲ့သော ဖုန်းအမျိုးအစား……..
1.Samsung Galaxy Y
2.Samsung Galaxy Y Duos
Ref. http://www.tootoo.co.vu/?m=1
ဆော့ဝဲလမ်းညွန်
PES 2014 apk for Android (apk+data) (202 Mb)
Cbox ကနေဇွဲကောင်းကောင်းနဲ့ တောင်းဆိုနေတဲ့ 4 PES 2014
(Androi Game) ကိုတင်ပေးလိုက်ပါတယ်။ကျွန်တော့်ဖုန်းမှာတော့ ထည့်ပြီး မကစားကြည့်
ရပေမဲ့ ဖုန်းတိုင်း(Version 3.0 +) မှာ အဆင်ပြေမယ်လို့ထင်ပါတယ်။
apk ဖိုင်နဲ့ Data ဖိုင်ကို တဖိုင်စီ သီးခြားတင်ပေးထားပါတယ်။apk ဖိုင်ကိုလဲ မူရင် apk အတိုင်း၊
Data ဖိုင်ကိုလဲ မူရင်း obb ဖိုင်အတိုင်း တင်ထားပေးပါတယ်။
အားလုံး အဆင်ပြေကြပါစေဗျာ...။
apk file  (31.4 Mb)      Download
data. obb file (170 Mb)    Download
       Ref. http://www.tootoo.co.vu/?m=1
ဆော့ဝဲလမ်းညွန်
Offline/Online Reader Apk ရေးသားနည်းစာအုပ်.PDF
မင်္ဂလာပါခင်ဗျာ
အခုတင်ပေးချင်တာကတော့ Apk မဟုတ်ပါဘူး  offline/online reader apk ရေးသားနည်းဖြစ်စာအုပ်ကို တင်ပေးမှာဖြစ်ပါတယ် ကိုယ်တင်သမျှ Post တွေကို offline အနေနဲ့ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ စာအုပ်ကို ဒေါင်းပြီး လေ့လာလိုက်ပေါ့နော်
Download : (932)KB
Solidfiles
Zippyshare
              Ref. (ဘီလူးကျွန်းသားလေး)
ဆော့ဝဲလမ်းညွန်
Offline/Online Reader Apk ရေးသားနည်းစာအုပ်.PDF
မင်္ဂလာပါခင်ဗျာ
အခုတင်ပေးချင်တာကတော့ Apk မဟုတ်ပါဘူး  offline/online reader apk ရေးသားနည်းဖြစ်စာအုပ်ကို တင်ပေးမှာဖြစ်ပါတယ် ကိုယ်တင်သမျှ Post တွေကို offline အနေနဲ့ဖတ်ချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ စာအုပ်ကို ဒေါင်းပြီး လေ့လာလိုက်ပေါ့နော်
Download : (932)KB
Solidfiles
Zippyshare
              Ref. (ဘီလူးကျွန်းသားလေး)
ဆော့ဝဲလမ်းညွန်