Showing posts with label နည်းပညာ သတင်း. Show all posts
Showing posts with label နည်းပညာ သတင်း. Show all posts
Sunday, August 17, 2014
Ooredoo နဲ MPT
မြန်မာ ပြည်မှာ internet အသုံးပြုဖို့ တွက် ယခင်က ကျပ်သိန်း၅၀ တန်း ဆဒ်ကဒ် ဝယ်ယူမှ internet အသုံးပြုရမှာ ဖြစ်ပြီး နောက်ပိုင်းတွေ ကျလာတော့ ကျပ်သိန်း၂၀ / ၂သိန်းတန် ဆဒ်ကဒ်/ ထိထွက်ရှိလာပြီး ဝယ်ယူသုံးစွဲသူတွေက ၂ သိန်းတန် ဖုန်းဆဒ်ကဒ်များကို ကိုင်ဆောင်၍ MPT နဲ internet အသုံးပြုခဲ့ကြပြီး ၎င်း အချိုကလည်း ရုံးတွေ၌ လျောက်ထား၍ ၎င်း နှစ်သိန်းတန် Mobile ဆဒ်ကဒ် များကို လစဉ်ချေး ပေး၍ ဝယ်ယူအသုံးပြု ခဲ့ကြပါတယ်"
ယခု အချိန် မှာ ၁၅၀၀ တန့် ဆင်ကဒ်များကို ရောင်းချပြန်သော်လည်း မဲနိက် ၍ ရမှာသာ လျှင် အသုံးပြု ရတာဖြစ်ပြီး ၁၅၀၀ တန် ဆဒ်ကဒ် များကို အပြင်ပေါက်ဈေး ဖြစ် ၅သောင်း/၁သိန်း အစသဖြင့် ဝယ်ယူ၍ အသုံးပြုခဲ့ကြပါတယ်"
ဒါပေ့မဲ့လည်း MPT က Internet က Connection မကောင်းတာတွေတော့တွေ့ရပါတယ်လို့သိရတယ်"
ယုခု အချိန်မှာ Ooredoo Myanmar  က ၁၅၀၀ တန် SIM Cardများကို ရောင်းချခဲ့ပါတယ်"
မြန်မာပြည့်သူတွေကလည်း MPT ကို စိတ်နာနာ နဲ Ooredoo SIM Card များဘက်ကို ဦးတည် ဝယ်ယူခဲ့ကြပြီး ပြည်သူများ ဝယ်ယူ ပြီး မကြာမိမှာဘဲ Ooredoo ရဲ့ Internet အသုံးပြုခတွေ က မြင့်တတ်နေတာ တွေ့ရပါတယ်'''
Ar Kar(အာကာ) ဆော့ဝဲလမ်းညွန်
https://m.facebook.com/ar.kar.54390876
Sunday, July 20, 2014
ယနေ့ အွန်လိုင်းနည်းပညာ ခေတ်ကို ဖြစ်ပေါ်လာစေတဲ့ တီထွင်မှု တစ်ခ
ုယနေ့ကျွန်တော်တို့ ယခုလို အွန်လိုင်း အင်တာနက်ကို အသုံးပြုနိင်ဖို့ ယခင်က တီထွင်မှုတွေ များစွာ ပြုလုပ်ခဲ့ရပါတယ်။ မိတ်ဆွေ သူငယ်ချင်းတို့ကို အသိတစ်ခုပေးနိင်စေဖို့ မျှော်လင့်လို့ အင်တာနက် ကို ဘယ်သူတွေ တီထွင်ခဲ့ သလဲဆိုတာ ဗဟုသုတ တစ်ခုအနေနဲ့ တင်ပြ ရေးသားလိုက်ရပါတယ်။
တကယ်တော့ ကျွန်တော်တို့ သိပြီး အသုံးပြုနေတဲ့ အင်တာနက်ကို လူတစ်ဦးတစ်ယောက်ချင်းဆီက ဖန်တီးခဲ့တာ မဟုတ်ပါဘူး။ Net (သို့) Web လို့လည်း ခေါ်တဲ့ အင်တာနက်ကို IPTO လို အတိုကောက်ခေါ်တဲ့ Information Processing Technology Office က စလျှင်စချင်း ဖွံဖြိုးစေခဲ့တာ ဖြစ်ပြီး အဲဒီ IPTO ဆိုတာကတော့ ၁၉၆၂ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Defense Advanced Research Projects Agency (DARPA) ရဲ့ အေဂျင်တစ်ခု ဖြစ်ပါတယ်။
အဲဒီလို တည်ထောင်ခဲ့ပြီး မကြာမီမှာတော့ ဒီလို အင်တာနက်ကို ဖွံဖြိုးစေခဲ့တဲ့ အတွက် ဒီ ဦးဆောင်မှုမှာ တာဝန်ယူခဲ့တဲ့ JCR Licklider ဆိုသူဟာ ပထမဦးဆုံး ဒါရိုက်တာ ဖြစ်လာခဲ့ပါတယ်။ ဒီနေ့တွေမှာတော့ IPTO ဟာ သူတို့ရဲ့လက်ရှိစနစ်တွေရဲ့ ရှေ့ဆက်မဲ့ လုပ်ငန်းတွေ အတွက် အသစ်အသစ်စေသော ကွန်ပျူနဲ့ ဆိုင် သော မျိုးဆက်များနဲ့ စနစ်များကို ဖန်တီးလျက်ရှိပါတယ်။
အိုင်ဒီယာ
တီထွင်ဖို့ စစဦးဆုံး အကြံဥာဏ်ပြုသူကတော့ Leonard Kleinrock’s လို့ အမည်ရှိသူ ဖြစ်ပြီး မေလ ၃၁၊ ၁၉၆၁ မှာ “Information Flow in Large Communication Nets” လို့ အမည် ရှိတဲ့ စာအုပ် ထွက်ရှိပြီး မကြာမီမှာ အကြံဥာဏ် ရခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ၁၉၆၂ မှာ IPTO ရဲ့ ပထမဆုံး ဒါရိုက်တာ ဖြစ်လာခဲ့တဲ့ J.C.R. Licklider ကို သူရဲ့ နက်ဝပ် အမြင်ကို ပေးခဲ့ပါတယ်။ သူတို့ နှစ်ယောက်ဆီက အကြံဥာဏ်တွေကို ပေါင်းစပ်မူ ရဲ့ နောက်ထပ် ဒီ အကြံဥာဏ်ကို ဖန်တီးဖို့ ကူညီပေးတဲ့ Robert Taylor လို့ခေါ်တဲ့ အမေရိကန် တက္ကဆပ်ပြည်နယ်သားတစ်ဦးနဲ့ စပြီး ဖန်တီးခဲ့ကြပါတယ်။
စတင်ဖန်တီးခြင်း
ယနေ့တွေမှာ ကျွန်တော်တို့ သိတဲ့ အတိုင်း အင်တာနက်ဟာ ၁၉၆၀ခုနှစ် နှောင်းပိုင်းလောက်မှာ ပထမဦးဆုံး စတင် ဖွံဖြိုးလာခဲ့တာ ဖြစ်ပါတယ်။ ယခုလို ကျတော်တို့ အသုံးပြုလို့ နိင်လာအောင်ကြားထဲမှာ ဆိုင်ရာ ဆိုင်ရာ အဖွဲ့အစည်းတွေဟာ မီတင်တွေ တွေဆုံခြင်းတွေကို များစွာ လုပ်ဆောင်ခဲ့ရပါတယ်။ ၁၉၆၈ နွေ….
၁၉၆၈ ဒီဇင်ဘာ …. …………………………………………………………
အချင်းချင်း ဆက်သွယ်ဖို့ လိုအပ်တဲ့ Interface Message Processor (IMP) ကို ၁၉၆၈ ခုနှစ်ရဲ့ နှစ်ကုန်ပိုင်းမှာ နောက်ဆုံး ဗားရှင်း ထုတ်နိင်ခဲ့ပါတယ်။ ဒါကတော့ အင်တာနက်ဆိုတဲ့ အရာ မပေါ်ပေါက်ခင်က ရုပ်လုံးထုဆစ်မှု တစ်ခုပေါ့။
ဖော်ပြပါပုံထဲက ပုဂ္ဂိုလ်ဟာ ယခုလို အင်တာနက်ကို ဖြစ်ပေါ်လာစေဖို့ အစဦးဆုံး အကြံဥာဏ်ပေးခဲ့သူ Leonard Kleinrock ဆိုသူ ဖြစ်ပါတယ်။
Ref: Wiki
အောင်ဟိန်း (ရိုးရာလေး )
ဆော့ဝဲလမ်းညွန်
ဝဘ်ဆိုဒ် တီထွင်သူရဲ့ ၏ အ​ကြောင်း
ကျတော်တို့ အဆင်ပြေစွာ အသုံးပြုနေကြတဲ့ www ( World Wide Web) ကို တီထွင်ခဲ့သူကတော့ ဗြိတိန် ကွန်ပျူတာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Berners-Lee ( Sir Timothy John “Tim” Berners-Lee) ဖြစ်ပါတယ်။ ” TimBL ” လို့လည်း သိကြပါတယ်။
၁၉၅၅ ခုနှစ် ဖွား ဗြိတိန်နိင်ငံသား တစ်ဦးဖြစ်ပြီး World Wide Web Consortium ရဲ့ ဒါရိုက်တာ တစ်ဦးလည်း ဖြစ်ပါတယ်။ World Wide Web Foundation ရဲ့ စတင် တည်ထောင်သူ တစ်ဦးဖြစ်ပြီး အခြား ကွန်ပျူတာနဲ့ဆိုင်တဲ့ အဖွဲ့အစည်တွေမှာ ဒါရိုက်တာ၊ သုတေသန်ပညာရှင်အဖြစ် ယခု လက်ရှိ တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။ ယခု လက်ရှိ အသက် ၅၉ နှစ်ခန့်ရှိပြီး ဖြစ်တဲ့ Berners-Lee ဟာ ယခုလို ၀ဘ်ဆိုဒ် ကို စတင်ဖန်တီးခြင်း ဖြစ်လာဖို့ ၁၉၈၉ မတ်လ တွင် သတင်းအချက်အလက် စီမံမူအတွက် အဆိုပြုချက် တစ်ခုကို ဖန်တီးခဲ့ရပါတယ်။ နှစ်ရဲ့ နိုဝင်ဘာ လလယ်လောက်မှာတော့ အင်တာနက် ကနေတစ်ဆင့် အသုံးပြုသူတွေနဲ့ ဆာဗာ ကြားတွင် ဟိုင်ဘား မီဒီယာ သတင်း အချက်အလက် တွေကို ဖြန့်ချိနိင်တဲ့ application protocol တစ်ခုဖြစ်တဲ့ Hypertext Transfer Protocol (HTTP) တစ်ခုကို ပထမဦးဆုံး အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိင်ခဲ့ပါတယ်။
Berners-Lee ဟာဆိုရင် 8 June 1955 တွင် လန်ဒန် အနောက်တောင်ဖက်ခြမ်းမှာ မွေးဖွားခဲ့တာဖြစ်ပြီး မွေးချင်းလေးယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ မိဘတွေကလည်း ကွန်ပျူတာ တည်ဆောက်ခြင်း အပေါ်မှာပဲ အသက်မွေးသူတွေ ဖြစ်ပြီး သူကလည်း ပညာ အခြေခံတွေကို အဆင့်ဆင့် သင်ကြားကာ အီလက်ထရောနစ်နဲ့ဆိုင်တဲ့ အကြောင်းတွေကို ကလေးဘ၀မှာ စလေ့လာခဲ့ပါတယ်။ နောက်ပြီး အောက်စဖို့ တက္ကသိုလ်နဲ့ Queen တက္ကသိုလ်တို့မှာ လေ့လာခဲ့ပြီး ရူပဗေဒတွင် ပထမဆုံး ဘွဲ့ဒီဂရီကို ရရှိခဲ့ပါတယ်။ ဘွဲ့ရပြီး မကြာမီမှာတော့ တယ်လီ ကွန်မြူနစ်ကေရှင် ကုမ္ပဏီ တစ်ခုတွင် အင်ဂျင်နီယာအဖြစ်လုပ်ကိုင်ပြီး ပရင့်တာတွေမှာ စာရိုက်တဲ့ setting ဆော့ဝဲလ်တွေကို ကူညီ ဖန်တီးရတဲ့ အလုပ်ကို 1978 တွင် စလုပ်ကိုင်ခဲ့ပါတယ်။
ထိုနောက်မှတော့ ( ဆွီဇာလန် အခြေစိုက် ) နျူကလီးယား သုတေသနအတွက် ဥရောပီယံ ကောင်စီ တစ်ခုဖြစ်တဲ့ CERN တွင် အလွတ်တန်း ကန်ထရိုက်တာ အဖြစ်လုပ်ကိုင်ခဲ့ပြီး ထိုနေရာတွင် လုပ်ကိုင်နေစဉ် Hypertext ( ကွန်ပျူတာနဲ့ အီလက်ထရွန်နစ် ကရိယာတွေပေါ်တွင် ရည်ညွှန်းလင့်နဲ့ အတူ စာသား ပြသသည့် ) ပေါ်မှာ အခြေတည်ထားတဲ့ ပရောဂျက်တစ်ခုကို ရည်ရွယ် လုပ်ကိုင်မိခဲ့ပါတယ်။ ထိုနောက်မှာတော့ ENQUIRE Prototype တစ်ခုကို သိသာထင်ရှားစေဖို့ စတင်တည်ဆောက်ခဲ့ပါတယ်။
CERN ကနေထွက်ခွာပြီး ၁၉၈၀ နောက်ပိုင်းမှာ အင်္ဂလန် မိခင်တိုင်းပြည်ရှိ ကွန်ပျူတာ စနစ် ကုမ္ပဏီ တွင် လုပ်ကိုင်ခဲ့ပြီး ထို ကုမ္ပဏီ ရဲ့ နည်းပညာရှင် ဘက်တွင် (၃) နှစ်လောက် ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။ လုပ်ကိုင်တဲ့ နေရာမှာ သူကို ကွန်ပျူတာ နက်ဝပ် လုပ်ဆောင်ခြင်းနဲ့ ဆိုင်တဲ့ အတွေ့အကြုံတွေပေးတဲ့ ပရောဂျက်တစ်ခုမှာ လုပ်ဆောင်ခဲ့ရခြင်း ရှိခဲ့ပါတယ်။ ထိုနောက်တွင် CERN ကို သူသည် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပြန်သွားခဲ့ပြီး ထိုသို့ပြန်သွားပြီး မကြာမီ ၅ နှစ်တွင် ဥရောပတွင် CERN သည် အကြီးမားဆုံး အင်တာနက် ဆိုင်ရာ ကုမ္ပဏီ တစ်ခု ဖြစ်နေခဲ့ ပြီး ဖြစ်ပါတယ်။
ထိုအချိန်တွင် Berners-Lee သည် အင်တာနက် Hypertext နဲ့ ဆက်သွယ်ဖို့ အခွင့်အရေးတစ်ခုကို မြင်ခဲ့သည့် နည်းတူစွာ ၁၉၈၉ ၊ မတ်လတွင် ပထမဦးဆုံး အဆိုပြုလွှာကို မန်နေဂျာရဲ့ သဘောတူ လက်ခံမူဖြင့် သူသည် ရေးသားခဲ့ပြီး သူရဲ့ www. ၀ဘ် ပရောဂျက်ဟာ စတင် အကောင်အထည် ပေါ်လာခဲ့ပါတယ်။
သူရဲ့ တီထွင်မူ၊ ကြိုးစားမူတွေကြောင့် ကျတော်တို့ ယခုလို ၀ဘ် ဆိုဒ်တွေကို အသုံးပြုနေနိင်ကြတာ ဖြစ်လို့ သူကို ဂုဏ်ပြု ပေးလိုက်ကြပါဦးနော် ။
Ref: Wiki
Thursday, May 8, 2014
ထိုင်းနိုင်က ဘော်ဒါတွေ အတွက် သတင်းကောင်းလေးပါ 8.5.2014
AIS ဆင်ကဒ် သုံးတဲ့ ဘော်ဒါတွေအတွက်
အင်တာနတ် ၁လ Free သုံးနိုင်ပါပြီး
Free တွေရရင်တော့ ကျွန်တော်ကတော့ ခနခန သတင်းပေးတင်ပေးဖြစ်ပါတယ်
ကဲ့စရအောင် 
အရင်ဦး * 003# ကို ဖုန်းနှိပ်ပါ
၁မိနစ်တောင် မကြာပါဘူး
အောက်က စာအိပ် ပုံစံ နှစ်လုံးဝင်လား
အင်တာနတ် ၁လ free သုံးနိုင်ပါပြီး
,(คุณกดรับของขวัญAIS3Gฉลองแรงชัวร์ทั่วไทยแล้ว กดเช็คได้อีกครั้ง9พ.ค.57)
(
คุณได้ดูหนัง ฟังเพลง อ่านหนังสือ ส่งสติ๊กเกอร์ @AISAppฟรี30วัน ครบกำหนดจะหยุดให้บริการอัตโนมัติ คลิกภายใน8มิย57 www.ais.co.th/4apps
 )
အဆင်ပြေပါစေ..ဗျာ
ဆော့ဝဲလမ်းညွန်
              အာကာ""
Saturday, May 3, 2014
သတင်းထူးလေးပါ။
လာမယ့်နှစ် ဆိုရင် လက်ကိုင်ဖုန်းထဲ ထည့်မယ့် ဆင်ကတ်တခု ၀ယ်ရဖို့အတွက် တန်းစီစရာ လိုတော့မှာ မဟုတ်ဘူး လို့ အော်ရီဒူး ဆက်သွယ်ရေးကုမ္ပဏီက ဒီကနေ့ ရန်ကုန်မြို့မှာ ပြောလိုက်ပါတယ်။
ကိုယ့်ရပ်ရွာထဲက ကုန်စုံဆိုင်လို နေရာမျိုးတွေမှာလွယ်လွယ်ကူကူ ၀ယ်နိုင်တော့မှာပါ လို့ အော်ရီဒူးမြန်မာရဲ့ အကြီးတန်းအရာရှိ ရော့စ်ကော်မက်က ရန်ကုန်မှာလုပ်တဲ့ သူတို့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
မိုဘိုင်းဖုန်းဈေးကွက် လက်ဝါးကြီးအုပ်မှုကို အစိုးရက လုံးဝ ဖြေလျှော့ပေးလိုက်ရင်တော့ သူပြောသလိုပဲ ... ကုန်ခြောက်ဆိုင်တွေမှာ ၀ယ်နိုင်ကြမှာပေါ့။
အခုတော့ မှောင်ခိုဈေးကွက်မှာ ထောင့်ငါးရာတန်ဖုန်း (G) တကတ်ကို တသိန်းခွဲနီးပါး ပေးဝယ်နေကြရတာပါ။
အစိုးရကလည်း မှောင်ခိုဈေးကွက် ပေါ်လာမှာ ကြိုပြီး ခန့်မှန်းမိမှာပါ။
(ဒီဈေးကွက်ကို အစိုးရဖန်တီးတယ်လို့ ရေးချင်ပါတယ်။ သို့သော်လည်း တရားစွဲခံရမှာစိုးလို့ တည့် မရေးတော့ပါဘူး)
တင်ဒါအောင်တဲ့ ကုမ္ပဏီ ၂ ခု ~
မြန်မာနိုင်ငံရဲ့ မိုဘိုင်း တယ်လီဖုန်းဈေးကွက်ကြီးမှာ ၀င်ရောက်လုပ်ကိုင်ဖို့ ဆက်သွယ်ရေးအော်ပရေတာ ရွေးချယ်မှုကို သိပ်မကြာသေးခင်က ပြုလုပ်ရာမှာ အော်ရီဒူး၊ တယ်လီနောတို့ တင်ဒါ အောင်မြင်ပါတယ်။ 
တင်ဒါ တင်သွင်းတဲ့ ပြည်တွင်း ပြည်ပကုမ္ပဏီ ၉ဝ ဝန်းကျင်ထဲကမှာ သူတို့ ၂ ခု မဲပေါက်ခဲ့တာပါ။ 
တင်ဒါအောင်ပေမယ့်လည်း လိုင်စင် ချမပေးသေးပါဘူး။လိုင်စင်က ဒီနှစ်မကုန်ချင် ကျလာဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ဒီနှစ်ကုန်ပိုင်း လုပ်ပိုင်ခွင့် ပြည့်ပြည့်၀၀ ရတဲ့အခါကျရင် အခုထက်ပိုပြီး လုပ်ကိုင်နိုင်ပါလိမ့်မယ်။
မိုဘိုင်းဖုန်းဈေးကွက်မှာ ကုမ္ပဏီ ၄ ခု ရှိလာမယ် ~
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း နဲ့ စစ်တပ်ရဲ့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) တို့ကို လိုင်စင်တခု၊
ရတနာပုံ တယ်လီပို့ကို အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲပြီးရင် လိုင်စင်တခု ချပေးမယ်လို့ အစိုးရက ဆိုပါတယ်။
ဒါကြောင့် ရှေ့နှစ်ထဲမှာ မိုဘိုင်းဖုန်းဆက်သွယ်ရေး မဟာဈေးကွက်ကြီးထဲ အပြိုင်ကြဲကြမယ့် ၄ ခုက
- အော်ရီဒူးမြန်မာ
- တယ်လီနောမြန်မာ
- MPT နဲ့ အခွင့်ထူးခံ MEC
- ရတနာပုံ တယ်လီပို့
တို့ ဖြစ်ပါလိမ့်မယ်။
ပြည်တွင်းကုမ္ပဏီ ၂ ခု နဲ့ ပြည်ပကုမ္ပဏီ ၂ ခုတို့ရဲ့ ပြိုင်ပွဲကြီးပေါ့။အခု ဖုန်းကတ်တခုကို ကျပ် ရှစ်သောင်း၊ တသိန်းလေးသောင်း၊ နှစ်သိန်းကျော် စသဖြင့် ဈေးအသီးသီး ရှိပေမယ့် ပြိုင်ပွဲ တာလွှတ်မယ်လို့ ယူဆရတဲ့ ရှေ့နှစ်ဆန်းပိုင်းမှာတော့ ဈေးက ၁,၅၀၀ လောက်ပဲ ပေးရတော့မယ်လို့ ထင်ပါတယ်။
(အခုလည်း အဲဒီဈေးပါပဲ။ သို့သော်လည်း ကံစမ်းမဲလိုလို လောင်းကစားလုပ်ငန်းလိုလိုတွေကြောင့် ဈေးက မှောင်ခိုဈေးဖြစ်ပြီး ကျပ် သောင်းဂဏန်း သိန်းဂဏန်း ဖြစ်နေတာပါ)
ဒီကနေ့ အော်ရီဒူးမြန်မာရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ကတ်ဈေး ဘယ်လောက်အထိဖြစ်မယ်ဆိုတာကို တိတိကျကျ ပြောမသွားပါ။ အချိန်တန်ရင် တရားဝင်ကြေညာမယ်၊ အံ့အားသင့် ၀မ်းသာသွားမယ့်ဈေးနှုန်းဖြစ်လိမ့်မယ်လို့ပဲ ပြောပါတယ်။
ဖုန်းကတ် အလကားပေးခြင်း ~
မိုဘိုင်းဖုန်းဈေးကွက်လက်ဝါးကြီးအုပ်မှုမရှိတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ သူတို့နိုင်ငံတွင်း ဆက်နိုင်တဲ့ ဆင်ကတ်တခုဈေးက ကျပ် နှစ်ထောင်လောက်ပါပဲ။ 
ကြိုက်သလောက် ကောက်ယူ ဆိုပြီး ပုံထားတာနဲ့လည်းဘန်ကောက်ရောက်ရင် ကြုံရပါလိမ့်မယ်။ ထိုင်းနိုင်ငံရဲ့ မိုဘိုင်းဖုန်းဆက်သွယ်ရေးကုမ္ပဏီတခုက ဆင်ကတ် အခမဲ့ပေးတဲ့ သတင်းကို ဧရာဝတီဘလော့မှာ ဖော်ပြခဲ့ပြီးပါပြီ။ 
ဘာကြောင့် ကျပ်နှစ်ထောင်နဲ့ ရောင်းသလဲ၊ ဘာကြောင့် ဆင်ကတ် အလကား ပေးနေရသလဲ ဆိုတာကို သိပ်မကြာခင် ရေးပါအုံးမယ်။
yoieyoie
Thursday, April 10, 2014
all-in-one ကင်မရာ Drift Ghost-S
ချစ်စရာ သေးငယ်သော အသွင်ပြင်နဲ့ လာခဲ့တာဖြစ်ပြီး HD ဗီဒီယိုတွေကို ရိုက်ကူးနိင်မှာပဲ ဖြစ်ပါတယ်။
လူကြီး လက်တစ်ဖ၀ါးစာထက်ကို သေးငယ်တဲ့ အရှယ်အစားရှိပြီး ပုံမှန် လက်ကိုင် အရှည် ဗီဒီယိုရိုက်ကူးရေး ကိရိယာတွေလို
ပုံစံအတိုင်း အရွယ်အစားကို ချုံးပြီး ပြုလုပ်ထားတာဟာဖြင့် ချစ်စရာကောင်းလှပါတယ်။ ယခုလို သေးငယ်တဲ့ အရွယ်အစားရှိတဲ့
ဗီဒီယို ကင်မရာလေးဟာ (၂) လက်မ အရွယ်အစားရှိ LCD Screen နဲ့လာခဲ့တာဖြစ်ပြီး
ရေစိုခံဖြစ်ကာ ဒေါ်လာ ၄၀၀ ခန့်ကျသင့်မှာ ဖြစ်ပါတယ်။ နိင်ငံရပ်ခြားခရီသွားလာတဲ့ အခါ သယ်ဆောင်ရလွယ်ကူစေပြီး
မြင့်မားတဲ့ ဗီဒီယိုအရည်အသွေးတွေကို ပေးစွမ်းနိင်တဲ့ ကရိယာလေးပဲ ဖြစ်ပါတယ်။
ဘတ္တရီအနေနဲ့ လည်း အချိန်ကြာမြင့်စွာအားခံနိင်ပြီး အကြမ်းခံနိင်တဲ့ ကင်မရာတစ်လုံးပဲ ဖြစ်ပါတယ်။
Ref :Smart Pro Journal