မြန်မာ - ထိုင်း လူငယ် ရုပ်ရှင်ဇာတ်ကား ထိုင်းနိုင်ငံ မကြာမီရုံတင်တော့မည်
................
ထိုင်းဘာသာစကား မပီတဲ့ မြန်မာလူငယ်လေး အောင်နိုင်စိုး နဲ့ အချစ်ကိုရေရာစွာ မထုတ်ဖော်နိုင်ဘဲ ဘယ်သူ့ကို ချစ်နေမှန်းမသိရတဲ့ ထိုင်းမလေး ကရဗီ(ကယောက်) တို့ရဲ့ "ဘယ်လိုအချစ်မျိုးလဲ" Myanmar in love in bangkok အမည်ရှိတဲ့ မြန်မာလူငယ် နဲ့ ထိုင်းလူငယ် အကြား အချစ်ဟာသ ဇာတ်မြူးလေးလည်းဖြစ် ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားတွေရဲ့ ဘဝတစေ့တစောင်းကိုလည်း ပြသထားသလို ထိုင်းနိုင်ငံမှာ ရည်ရွယ်ချက်ရှိရှိ နဲ့ ရိုးရိုးသားသား ကြိုးစားလုပ်ကိုင်နေတဲ့ မြန်မာအလုပ်သမားတွေအကြောင်းကို ထိုင်းလူမျိုးများအပြင် နိုင်ငံတကာကလည်း သိရှိနိုင်ရန်အတွက် Tanadnung Film က ASEAN Economic Community ( AEC ) ကို ကြိုဆိုတဲ့အနေဖြင့် ရိုက်ကူးထားတဲ့ အချစ်ဟာသရုပ်ရှင်ဇာတ်ကားကို လာမဲ့ စက်တင်ဘာလ(၁၈)ရက်နေ့ မှာ ထိုင်းနိုင်ငံထဲက ဘစ်စီ(BigC) မဟာချိုင်/စင်ထရမ် ဖလန် ၂ / စင်ထရမ် ဖလန် ၃ / မေဂျာ စံမရို/ မေဂျာ ရန်စစ်/အက်စ်ဖလာနတ် ရချဒါ တို့မှာ ရုံတင်ပြသတော့မယ်လို့ သိရပါတယ်။
Credit:TachileikNews
အသေးစိတ်ကို ကြည့်ရှုချင်သူတွေအနေနဲ YouTube မှာ တိုက်ရိုတ်ကြည့်ရှုနိုင်တယ်
https://www.youtube.com/watch?v=0SHDWTnaiZ4&feature=youtube_gdata_player
Ar Kar(အာကာ)ဆော့ဝဲလမ်းညွန်
https://m.facebook.com/ar.kar.54390876
No comments:
Post a Comment