Sunday, April 20, 2014

Online ပေါ်မှ ကောင်မလေး ~~~~~~~~~~~~~~~~

Online ပေါ်မှ ကောင်မလေး
~~~~~~~~~~~~~~~~

ကောင်မလေး
မင်းကို Online ပေါ်မှ
တွေ့တွေ့ ခြင်းဘဲ
Fri အဖြစ်နဲ
တောင်းဆိုခဲ့မိတယ်……

ကောင်မလေး
မင်းက ကိုယ့်ကို
သူငယ်ချင်း အဖြစ်နဲ
လက်ခံလိုက် တော့
ကိုယ်တကယ် ပျော်ရွင်မိခဲ့တယ်……

ကောင်မလေး
မင်းကိုယ့်ကို Fri အဖြစ် နဲ
ရောက်လာ တဲ့ အချိန် မှာ
ကိုယ်မင်းကို စပြီးစကားပြောခဲ့တယ်နော်
ခင်လို့ရလား ဆိုတာပေါ့
ဟုတ်……ဟုတ်ရပါတယ်လို့
ပြန်ဖြေခဲ့တယ်နော်……

ကောင်မလေး
မင်း တင်သမျှ post တွေကို
ကိုယ် Like လုပ်ခဲ့တယ်နော်
မင်းကတော့
ကိုယ် Like လုပ်တာကိုတော့
သိချင်မှ သိမှာပါ
ဘာလို့လဲ ……ဆိုတော့……

ကောင်မလေး
မင်းက Online ပေါ်မှာ
လူတွေ အများကြီးရဲ့
Like တွေ Comment တွေ အများကြီး
ရခံထားရတဲ့သူ ဆိုတော့
မင်းက သိပ်ချောတာ ဂို………

ကောင်မလေး
ကိုယ့် တင်တဲ့ Post ကို
မင်း Like တွေ ပေးခဲ့တာ တွေ့တော့
ကိုယ် အရမ်းပျော် မိခဲ့တယ် သိလား……

ကောင်မလေး
မင်းကို ကိုယ် Like တွေ အများကြီး
ပေးခဲ့ရင် မင်းပြောနေကြ စကားလေး
ရှိတယ်နော်……
ThankYou…ဆိုတာလေ……

ကောင်မလေး
ဖြစ်နိုင်မယ်ဆိုရင်
မင်းကို Like တွေ Comment တွေ
ပေးခဲ့တဲ့ သူတွေထက် ကိုယ်က
အစပေါင်း များစွာ ပေးချင်နေတဲ့
သူတစ်ယောက်ပါ……

ကောင်မလေး
မင်း Online မှာ ရှိနေတဲ့
အချိန် တွေမှာ ဆိုရင်
ကိုယ်စိတ်ပူမိတာ တစ်ခုရှိတယ်
မင်း ဘယ်သူနဲ Chat နေလဲ ဆိုတာပေါ့
အဲဒါကို ကိုယ် စိတ်ပူမိတယ်…ကောင်မလေး……

ကောင်မလေး
မင်းနဲ ကိုယ် ချစ်သူတွေ
ဖြစ်ခဲ့မယ်ဆို ဘယ်လောက်ကောင်းမလဲ
ကောင်မလေး……
မင်း Online ပေါ် မတက်တဲ့
နေ့တွေ ဆိုရင် ကိုယ် အရမ်းလွမ်းမိခဲ့တယ်
ကောင်မလေး………

ကောင်မလေး
တကယ်တော့ မင်းနဲကိုယ်က
Online မှာ ချစ်ခဲ့ပြီး
အပြင်မှာ တကယ်တန်းတွေ့ခဲ့မယ်ဆိုရင်
ဘယ်လောက်ကောင်းလိုက်မလဲ……ဆိုပြီး
ကိုယ်တွေ့ခဲ့မိတဲ့ နေ့တွေလည်း
များခဲ့ပါပြီး……Online ပေါ်က ကောင်မလေး……ရယ်~~~
     
              Online ပေါ်က ကောင်မလေး
          ~~~~~~~~~~~~~~~~~~~

အာကာ

2 comments:

  1. အရမ်းမိုက်​တဲ အစ်​ကို

    ReplyDelete
  2. အရန်​​ကောင်းတယ်​​လေးစားပါတယ်

    ReplyDelete